လိင်ဆက်ဆံရာတွင် အဆင်မပြေဖြစ်စေသော အကြောင်းတရားများ
24-Feb-2017
လိင်ဆက်ဆံရာတွင် အဆင်မပြေတဲ့ အကြောင်းတရားတွေကတော့ အများအပြားရှိမှာပဲ။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုခုကြောင့်လည်း ဖြစ်တတ်သလို၊ စိတ်ပိုင်းဆိုင်ရာအနေအထားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာမှာ ရောဂါတစ်ခုခုဖြစ်နေတာ၊ စိတ်ညစ်စရာ စိတ်ဖိစီးမှုဖြစ်နေတာ၊ စိတ်မပါတာတွေကြောင့် ဖြစ်တတ်ပါတယ်။
အမျိုးသားများမှာ အတွေ့ရများတဲ့ အကြောင်းတရားတွေကတော့ ဆီးကျိတ်ပြဿနာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတာတွေကြောင့် လိင်တံမတောင့်တင်းနိုင် ဖြစ်တတ်ပါတယ်။ကျောရိုးအာရုံကြောမ ထိခိုက်ဒဏ်ရာရထားတာ၊ ယောကျ်ားဟော်မုန်း ထိန်းညှိဓာတ် ချို့တဲ့တာတွေကြောင့်လည်း လိင်ဆက်ဆံရာမှာ အဆင်မပြေ အဖြစ်များပါတယ်။
အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ အကြောင်းတရားက လည်ပင်းကျိတ် (Thyroid) ပြဿနာ၊ အမျိုးသမီးဟော်မုန်း ဓာတ်ချို့တဲ့လို့ လိင်ဆက်ဆံလိုစိတ်လျော့နည်းနေတာ၊ လိင်ဆက်ဆံစဉ် နာကျင်တဲ့ ဝေဒနာ၊ အမျိုးသမီး လိင်အင်္ဂါအတွင်း အကျိအချွဲ နည်းပါးလာခြင်းအပါအဝင် အမျိုးသမီး လိင်အင်္ဂါပြဿနာများ စတာတွေဖြစ်ပါတယ်။ နှစ်ဦးစလုံးအနေနဲ့ လိင်ဆိုင်ရာ အဆင်မပြေမှုများဖြစ်စေနိုင်တဲ့ ဆေးဝါးမှီဝဲ ထားခြင်းကလည်း အကြောင်းတရား ဖြစ်နေတတ်ပါတယ်။
အရက်သေစာ သောက်စားထားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ သွေးတိုးကျဆေးသုံးစွဲထားခြင်း၊ စိတ်ဓာတ်ကျဝေဒနာကုဆေးများ မှီဝဲနေရခြင်း စတာတွေကြောင့် လိင်ဆက်ဆံရာမှာသာယာမှု မရရှိစေနိုင်ကြပါဘူး။
Healthcare.com.mm
Ref:
ဒေါက်တာမြင့်သန်း (သန္ဓေသား)
Health for all magazine, June 2013, Pg.136
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
